MyanmarHipHopChannel
MYANMAR HIP HOP SONGS  
  Home
  Contact
  Guestbook
  LOG IN
  MYANMAR HIP HOP SONGS(FROM A-O)
  ABOUT HIP HOP
  => INTERVIEW WITH D-BEEZ
  => INTERVIEW WITH WAI NYAN
  MUSIC LINKS
  MYANMAR HIP HOP SONGS(FROM P - Z)
  HIP HOP GALLERY2
  FORUM
  MY FAVOURITE HIP HOP SONGS
INTERVIEW WITH WAI NYAN

Q: အခုထွက်ခဲ့တဲ့ အေးဆေးပါ အေးဆေးပါ စီးရီးကို ဘယ်လိုစခဲ့ တာလဲ။

Wai Hlan

A: ကျွန်တော်က ၂ဝဝ၆ ခုနှစ်လောက်က တည်းက သီချင်းတွေ စပြီးဆို နေတာ ပေါ့။ အဲဒီတုန်းကတော့ ကျွန် တော့်ရဲ့ ဆရာ စိုးမိုး သန်းဆီက သီ ချင်း တွေကိုပဲ ဆိုနေ တာ။ နောက်တော့ ကိုယ် တိုင်ရေးတဲ့ သီချင်းတွေ ကိုလည်း ဆိုဖြစ်တယ်။ အဲဒီမှာ သီချင်းတွေက နည်းနည်းများ လာတော့ အားလုံးကို စုမိ လိုက် တယ်။ နောက်တော့ အခု ကျွန်တော် လုပ်လိုက်တဲ့ 'အေးဆေးပါ အေး ဆေးပါ' စီးရီးအတွက် အဲဒီသီချင်းတွေထဲက ပရိသတ် အတွက် အကြိုက် ဖြစ် နိုင်တဲ့ သီချင်း တွေကို စီးရီးအဖြစ် ထုတ်လိုက်တာပါ။

Q: စီးရီးအတွက် သီချင်းရွေးချယ်တော့ ညီလေး ကိုယ်တိုင်ပဲ ရွေးတာ လား။

A: ကျွန်တော် ရွေးတာ ကတော့ သီချင်းတွေကို အားလုံးနားထောင် လိုက်တယ်။ အဲဒီမှာ ဆရာ ရယ်၊ ကျွန်တော်ရယ်၊ ကိုစိုးလင်းတို့၊ ဦးလှဌေး တို့ ဝိုင်းပြီး နားထောင် လိုက်တယ်။ အဲဒီအထဲကမှ ကောင်းတဲ့ သီချင်းတွေကို ရွေးပြီးတော့ စီးရီးထုတ်လိုက်တာ။

Q: Wai လျှံ စီးရီးအတွက် လုပ် နေတာတော့ ကြာပြီ နော်။ သီချင်းတွေ စုနေတယ်လို့ လည်းကြားတယ်။ ဘာဖြစ်လို့ သီချင်း တွေ စုတာလဲ၊ သီ ချင်းက ကိုယ့်စိတ် ကြိုက်မဖြစ်လို့လား။

A: သီချင်းမရှိလို့တော့ မဟုတ်ဘူး။ သီချင်းတွေက အများကြီးပဲ။ အဲဒီအများ ကြီးထဲကမှ quality ရှိမယ့် သီချင်းမျိုးကို ရွေးချယ်တယ်။ အများနဲ့ လိုက်လျော ညီထွေဖြစ်နိုင်တဲ့ သီချင်းမျိုး တွေကို ရွေးနေလို့ပါ။

Q: တီးခတ်တဲ့ အခါမှာရော ဘယ်သူတွေ တီးခတ်ပေး တာလဲ။

A: တီးတာကတော့ ကိုရသ၊ ကိုလင်းပင်ဟိန်း၊ ကိုဟဲလေး၊ ကိုဒီယံ၊ ပြီးတော့ ဆရာစိုးမိုး သန်း။ နောက်တော့ ကျွန်တော် တစ်ပုဒ် တီးထား တယ်။

Wai Hlan

Q: ယခုထွက်တဲ့ Wai လျှံရဲ့ အခွေထဲ မှာ ကိုယ့်ထက်ဝါရင့်တဲ့ သူ တွေနဲ့ တွဲဆိုထားတာ တွေ့ရတယ်။ အဲဒီ လို တွဲဆိုရတဲ့ အကြောင်းကို ပြောပါဦး။

A: တွဲဆိုရတာက ဒီလိုပါ။ ကို ဟဲလေးနဲ့ တွဲ ဆိုတဲ့ သီချင်းဆို ရင် သူက Chorus လေး ဝင် တည်ထား တယ်။ ကျွန်တော် Rapping လိုက်ပြီး ထည့်လိုက် တာတို့၊ တချို့သီချင်းတွေကျ တော့ ကိုယ့်အတွက် ကိုယ် ရေးထားတာ ရှိတယ်လေ။ အဲဒီ နောက် သူများနဲ့ တွဲပြီးဆိုမယ်လို့ စိတ်ကူးပြီး ရေး ထားတာလဲ ရှိ တယ်။ ဥပမာ- 'ဝင်ခွင့်မရှိ' ဆိုတဲ့ သီချင်းမှာ ကိုဒီယံနဲ့တွဲပြီးဆိုတဲ့ သီချင်းရှိတယ်။ အဲဒီသီချင်းမျိုးဆိုရင် ကိုဒီယံနဲ့တွဲပြီးဆိုဖို့ကို ရေးထားတာ။ ရတနာမိုင်နဲ့တွဲပြီး လုံးဝမရှိနိုင်ဘူးဆိုတဲ့ သီချင်းမျိုးဆိုရင် သူနဲ့တွဲပြီးဆိုမယ်လို့ တည်ပြီး ရေးထားတာ။ အဲဒီလိုမျိုးတော့ ရှိတယ်။

Q: အရင်တုန်းကWai လျှံနဲ့ သားငယ်နဲ့ တွဲပြီးဆိုတဲ့ show တွေ အများကြီး တွေ့ရတယ်။ အခုစီးရီးမှာ တော့ တစ်ကိုယ်တော် ဆိုတာတွေ့ရတယ်။ ဘာဖြစ်လို့ အတွဲလိုက် မဆိုတာလဲ။။

A: အရင်ထဲက တက်လာတာက Wai လျှံ ဆိုပြီးတော့တက်လာတယ်။ အဲဒီတုန်း က ကိုသားငယ်က နောက်က ပံ့ပိုးပေးတယ်။ သူက Featuring နိုင်တယ်၊ melody နိုင်တယ်။ Rapping ဆိုရင်လည်း သူ လိုက်ပေးတယ်။ အဲဒါကြောင့်သူနဲ့ နည်း နည်းတွဲမိနေတာပေါ့။ နောက်ပိုင်း သူက လည်း အလုပ်တွေရှိလာတယ်။ အခုဆိုရင် လုပ်ငန်းခွင်ကို ဝင်နေပြီပေါ့။ အချိန်လည်း မပေးနိုင်တော့ဘူး။ အဲဒါကြောင့် ကိုယ့်ဟာ ကိုယ် တစ်ယောက်တည်း ရုန်းကန်နေတာ ပါ။

Q: ကိုယ့်ထက် experience ရှိတဲ့ သူတွေ နဲ့ တွဲဆိုရတဲ့အခါမှာ ဘာတွေ ပြင်ဆင် ထားရလဲ။

A: ဘာတွေ ပြင်ဆင်ရသလဲဆိုတော့ ကိုရသ တို့ဆိုရင် ကိုယ့်ထက် စီနီယာအများကြီး ကျတယ်လေ။ ကိုယ်က သူ့ဆီကတောင် ပညာတွေ ယူနေရတာဆိုတော့ ဘာလို လိုနဲ့ သီချင်းမျိုးကျတော့ ကိုယ်က အရင် စဉ်းစားမိတော့ အဲဒါ သူ့ကို ပြောပြ တော့ သူက ညီလေးဘယ်လိုမျိုး ရေးချင်တာလဲ တဲ့ အဲဒီမှာ ကျွန်တော်က ဘာလိုလိုဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုယ်လိုချင်တဲ့ သီချင်း အဓိပ္ပာယ်ကိုပြောပြတော့ သူက အဲဒီမှာ Chorus ကို အရင်တည်တယ်။ ပြီးတော့ သူက သူ့ Rapping သူရေး၊ ကျွန်တော် က ကျွန်တော့် Rapping ကျွန်တော်ရေး တယ်။

Q: အဲဒီလို ကိုယ့်အပိုဒ် နဲ့ကိုယ် ရေးကြ တဲ့အခါကျတော့ သီချင်းတစ်ပုဒ်ကို ချိတ်ဆက်ပြီး လုပ်တဲ့ အခါကျတော့ ဘယ်လိုလုပ် သလဲ။

A: Studio မှာ ကိုယ်ဆိုရမယ့် အပိုဒ် ကို ကိုယ်က ဆိုတယ်။ သီချင်းရဲ့ အဓိပ္ပာယ်နဲ့ အကြောင်းအရာကတော့ သိထားတယ်။ ဒါပေမယ့် ကိုယ့် style နဲ့ကိုယ် ဆိုတယ်။ ပြီးတော့ဆိုတဲ့ အပိုဒ်တွေကို စဉ်ပြီး ပြန် နားထောင်လိုက်တော့ သီချင်းတစ်ပုဒ်မှာ style တစ်မျိုးစီနဲ့ ထွက်လာ တယ်။

Wai Hlan

Q: ကိုယ်နဲ့တွဲဆိုရမယ့် အဆို တော်တွေအတွက် သီချင်းကို ကိုယ်က စီစဉ်ပြီးထားတာ လား။

A: အဲဒီလိုတော့ မဟုတ်ပါဘူး။ သို့ပေမယ့် ကျွန်တော်ဆီ့မှာက သီချင်းတွေအများကြီးရှိ တယ်။ သူတို့နဲ့လိုက်မယ့်သီချင်းမျိုး ကိုပေးတယ်။ ဥပမာ မဇမ်နူးနဲ့ တွဲဆိုထားတဲ့ သီချင်းဆိုရင် သူနဲ့လိုက်တယ်ဆိုပြီးတော့ ဆရာ စိုးမိုးသန်းက ရေးထား ပေးတယ်။ အဲဒီလို ရေးထား ပြီးတော့ ကောင်းတဲ့သီချင်းကို ရွေးပြီးပေးထားတာပါ။ တစ် ယောက်ချင်းအတွက် စီစဉ် ပြီးရေးထားတာမျိုးတော့ မရှိ ပါဘူး။

Q: ရသက သူ့ရဲ့သီချင်းတွေ တော်တော် များများမှာ လူ တွေရဲ့ ဘဝ အကြောင်း တွေနဲ့ အတွေးအခေါ် ပိုင်းတွေကို ဆိုတာများ တယ်။ Wai လျှံ နဲ့ တွဲဆိုရတဲ့အခါမှာတော့ သူဆိုချင်တဲ့ သီချင်း မျိုးကို သူကိုယ်တိုင်ပဲ ရေးထား တာလား။

A: အဲဒီလိုတော့ မဟုတ်ပါဘူး။ ကျွန်တော့် ဟာ ကျွန်တော်ပဲရေးတယ်။ ကျွန်တော့် စီးရီးထဲမှာ မိုက်တွင်းနက်လားဆိုတဲ့ သီချင်း မျိုးဆိုရင် ဘဝအကြောင်းကို ရေးထားတာ။ အဲဒီလိုသီချင်းပုံစံက လမ်းပေါ်မှာ လေလွင့် နေတဲ့ လူတစ်ယောက်အကြောင်းကို ရေးထားတာပါ။ သွန်သင် ဆုံးမမယ့်သူတွေ ရှိပေမယ့် သူကဆက်ပြီး မိုက်ချင်နေတုန်း ပဲ။ အဲဒီလို လူတွေရဲ့ အခြေအနေကို ရေး ထားတာ။ ဒါလည်း ဘဝ အကြောင်းပါပဲ။

Q: Wai လျှံက အချိန်တို တစ်ခုမှာ ကိုယ့်ရဲ့ တစ်ကိုယ်တော် တေးစီးရီးကို ထုတ် လာနိုင်တဲ့အခါကျတော့ ကိုယ်ဖန်တီးလာ ခဲ့တဲ့ ဂီတအပေါ်မှာ ကျေနပ်အားရမှုရှိမှာ ပေါ့နော်။

A: ပထမခြေလှမ်း စလှမ်းလိုက်တဲ့သဘော ပါပဲ။ အရင်တုန်းကဆိုရင် လှေကား ပျောက်နေတယ်လေ။ အခု လှေကားကို တွေ့တဲ့အခါကျတော့ ကိုယ်က ခြေတစ် လှမ်းကို စပြီးလှမ်းလိုက်တဲ့သဘောပါပဲ။ အခုအခြေအနေက ကိုယ့်အတွက်ခြေ ထောက်ကြွရုံပဲ ရှိသေးတယ်။ လှမ်းတောင် မလှမ်းရသေးပါဘူး။

Q: အခုလို ကိုယ်တိုင် ဖန်တီးလှုပ်ရှား လာရတဲ့သူဆိုတော့ အခက်အခဲတွေ အတွေ့အကြုံတွေတော့ အများကြီး ရှိမှာပေါ့။

A: အခက်အခဲတွေကတော့ အများကြီး တွေ့ပါတယ်။ နောက်တစ်ခုက ကိုယ်က ဘယ်လောက်ပဲ ပိုက်ဆံရှိရှိလေ၊ ဘယ် လောက်ပဲ သုံးနိုင် သုံးနိုင်၊ အရည် အချင်း ဘယ်လောက်ပဲရှိရှိ အနုပညာ ဆိုတဲ့ လုပ်ငန်းက လုပ်ချင်တိုင်း လုပ်လို့ မရဘူး၊ တိုးချင်တိုင်း တိုးလို့မရဘူး။ အဲဒီလို လုပ်ဖို့အတွက် အောက်ကြို့ပြီး ဆက်ဆံရ တာတွေလည်း ရှိတယ်။

Wai Hlan

Q: Wai လျှံတို့လိုပဲ တချို့လူ ငယ်တွေဟာ သီချင်းဖန်တီး မှုတွေရှိ ကြတယ်။ ဒါပေမယ့် ဘေးကို ရောက်နေတယ်၊ တချို့ကျ တော့လည်း sample အခွေလေး တွေ လောက်ပဲ လုပ်ကြပြီးတော့ တကယ့် လမ်းကြောင်း တစ်ခု အပေါ်ကို မရောက် လာကြဘူး။ အဲဒါ ဘာတွေလို အပ်နေလို့လဲ။

A: အခုနောက်ပိုင်းမှာ Hip-Hop Music ကို လုပ်ရ တာ၊ဖန်တီးရ တာလွယ် တယ် ဆိုပြီးတော့ သတ်မှတ်ထား ကြတာများတယ်။ Music ကိုရူးကြတဲ့ လူငယ် တွေ တော်တော်များများက Hip-Hop music ကို တော် တော်များများ လုပ်လာ ကြတယ်။ ဘာ ကြောင့်လဲဆိုတော့ ဒီခေတ်ကြီးက လုပ်ရတာ အရမ်း လွယ် တယ်။ ကိုယ့်ဟာကိုယ် Demo လေးလုပ်မယ် ဆိုရင်တောင်မှ အိမ်မှာ ကွန်ပျူတာ လေးတစ်လုံးနဲ့ Fruity ဆောဖ့်ဝဲလ်လေး တစ်ခုရှိရင် သီချင်းလေး တီးပြီး sutdio မှာသွားပြီး သွင်းလိုက် ရင်ရတဲ့ ခေတ်ဖြစ် နေတော့ sample တွေ က အရမ်းများလာတာပေါ့။ ဘာဖြစ်လို့ မတိုးနိုင်သေးသလဲဆိုတော့ ကျွန်တော်တို့ လည်း အရင်က အဲဒါမျိုး sample ခွေတော့ ရှိတာပေါ့။ အဲဒီ sample လေးတွေကို တေးသံသွင်းဆိုင် တစ်ခုကို သွားကြတယ်။ အဲဒီတုန်းကလည်း အသစ် တွေအများကြီး တင်တဲ့ တေးသံသွင်းပေါ့ နော်။ အဲဒီတုန်းက သူတို့တွေက ပတ် သက်တဲ့သူတွေနဲ့ နီးစပ်တဲ့သူတွေကိုပဲ တင်ပေးလိုက်တာ မျိုးရှိပါတယ်။ ကိုယ်က ဘယ်လောက်ပဲ ကြိုးစားကြိုးစား အသိ အမှတ်ပြုခံရ တာမရှိဘူးလေ။ နောက်ပိုင်း ကျတော့ ကိုဟဲလေး တို့နဲ့ပတ်သက်ပြီး ကိုစိုး လင်းနဲ့ မိတ်ဆက်ပေး လိုက်တော့ သူတို့ကလည်း ကိုယ့်ကို ကြိုက်တာပေါ့ နော်။ ပြီးတော့ တူလိုသားလို လဲဖြစ်တော့ ကျွန်တော့်ကို တင်ပေးလိုက်တာပါ။ ကျွန် တော့်ကို ပထမဆုံးတင် ပေးလိုက်တာက တော့ မာစတာ တေးသံသွင်း ကပါပဲ။

Q: အဲဒီလို ဖြတ်သန်းလာခဲ့ရတဲ့ အခါမှာ ကိုယ့်အတွက် ဘယ်လိုအဖြေမျိုး ထွက် လာသလဲ။

A: ယခုထက်ထိတော့ သံဝေဂတွေ ဘာ တွေတော့ မရပါဘူး။ ဒါပေမယ့် အသိ တစ်ခုတော့ ရလိုက်တယ်လေ။ အဲဒါက ဘာလဲဆိုတော့ ကိုယ်ကြိုးစားမှ ကိုယ် ရမှာလေ။ ကိုယ့်ကို ခင်လို့ မင်လို့ ဘယ် လောက်ပဲတင်ပေးတယ်ပြောပြော ပရိသတ် လက်ခံမှဖြစ်လာမှာပဲ။ ဘာပဲဖြစ်ဖြစ် ဘာအရာပဲဖြစ်ဖြစ်ပေါ့နော်၊ ကိုယ့်သီချင်း တွေကို ဘယ်လောက်ပဲ ကောင်းအောင် လုပ်ထားတယ်ပြောပြော ပရိသတ်က လက်မခံလို့ရှိရင် ဒီလိုမျိုး မဖြစ်လာဘူး လေ။ နေရာတစ်နေရာလည်း မရနိုင်ပါဘူး။ ပရိသတ်ရဲ့ လက်ခံမှုပေါ်မှာပဲ မူတည်တယ်။ အဲဒီတော့ ပရိသတ်လက်ခံအောင် ဘာ လုပ်မလဲ။ ပရိသတ်လက်ခံအောင် ဘာ တွေကျွေးမလဲဆိုတာကို စဉ်းစားနေရတာ ပေါ့။

Q: Hip-Hop သီချင်းရဲ့ သဘောက ရင်ထဲက ခံစားချက်ကို ပွင့်ပွင့်လင်း လင်းစီပြတဲ့ ဂီတမျိုးလို့ ပြောကြတယ်၊ နောက်ပြီး ဝတ်စား ဆင်ယင်မှု မှာလည်း Hip-Hop အဝတ်အစားဆိုတာလည်း ရှိလာ ပြန်တော့ အဲဒီလို Hip-Hop အဝတ်အစား မဝတ်ဘဲ နဲ့ရော Hip-Hop လို့ ဆိုလို့ မရဘူးလား။

A: ကိုယ်နဲ့ လိုက်ဖက်ရာတော့ ရှိတာပေါ့။ Hip-Hopဆိုပြီးတော့ Punk အင်္ကျီ အဝတ်အစားလည်း ဝတ်လို့ရတယ်။ ဒါပေမယ့် အောက်ကပရိသတ်က ကြည့် လိုက်တဲ့အခါကျတော့ ဒီကောင် Rap တွေသာဆိုနေတယ်။ ဝတ်ထားတဲ့ စတိုင်လ် ပန့်ခ်ဖြစ်နေတယ်လို့ ပြောကြမယ်။ အဲဒီ တော့ မလိုက်ဖက်တော့ဘူး။ သဟဇာတ မဖြစ်တော့ဘူး။ ကိုယ်က Hip-Hop လည်းဆိုတယ်။ Rapper ပုံစံလည်း ဝတ်ထားတယ်ဆိုတော့ ဒီကောင်မိုက်တယ် လို့ ပြောကြတယ်။ အဲဒီလို သဘောမျိုးတွေ ရှိတဲ့အတွက် လောကမှာ လိုက်ဖက်ရာကိုပဲ တွဲကြတာပေါ့နော်။

Q: ပရိသတ် Hip-Hop သီချင်းကို ခံစား တာလား၊ အဝတ်အစားကို ရော ခံစား တာလား။

A: အဝတ်အစားအပေါ်မှာလည်း ခံစားတယ်။ အဝတ်အစားက ရိုးရိုးအကျပ်တွေ ဝတ်ပြီး တော့ ဆိုမယ်ဆိုရင် Rapper တွေ မျက်လုံးထဲမှာလည်း ကန့်လန့်ဖြစ်သွား နိုင်တယ်။ ပြီးတော့ အခြား Music က လူတွေကျလို့ရှိရင်လည်း ကန့်လန့်ဖြစ်နေ မယ်။ အဲဒါကြောင့် Hip-Hop music ထဲမှာဆိုရင်လည်း အင်္ကျီဝတ်တာလည်း ဖက်ရှင်တစ်ခုပဲ။

Q: Hip-Hop ကရုဏာပွဲတော်မှာ Hip-Hop အဖွဲ့တွေ အများကြီးဆိုကြတယ်။ အဲဒီခံစားချက်ကို ပြောပါဦး။

A: Hip-Hop ပွဲတော်ဆိုပြီး ကြေညာ လိုက် ကတည်းက Hip-Hop ခေါင်းစဉ် အောက် မှာရှိကြတဲ့ Rapper တွေ အကုန်လုံးက ပေါင်းပြီးတော့ အလှူတစ်ခု ကျင်းပပေး လိုက်တာပေါ့။ ကိုယ်တတ်စွမ်းတဲ့ အနု ပညာနဲ့ ဒုက္ခရောက်သွားတဲ့သူတွေအတွက် အလှူတစ်ခု ကျင်းပပေးလိုက်တဲ့ သဘော ပါပဲ။

Q: ပထမစီးရီး 'အေးဆေးပါ အေးဆေးပါ' ပြီးသွားတော့ ဒုတိယစီးရီး အတွက် ပြင်ဆင်နေပြီလား။

A: ဒုတိယစီးရီးအတွက်တော့ မပြင်ဆင် ရသေးပါဘူး။ သီချင်းတွေတော့ ရှိတယ်။ အဲဒါလေးတွေတော့ စပြီး တည်နေပြီ။ ဒါပေမယ့် အတွဲခွေအတွက်ပဲ ဖြစ် မလား၊ ဒုတိယခွေအတွက်ပဲ ဖြစ်မလားတော့ မသိသေးပါဘူး။ Live show အတွက် တော့ မသိသေးပါဘူး။

Q: Wai လျှံက လာမယ့် အနာဂတ်မှာ ဘယ်လို music မျိုးနဲ့ ရပ်တည် မလဲ။

A: အခုလက်ရှိမှာရော၊ နောင် အနာဂတ်မှာ ရော Hip-Hop နဲ့ R & B လို msuic နဲ့ပဲ ရပ်တည်သွားမှာပါ။ ကိုယ်က melody ဆိုရတာ ဝါသနာပါတယ်။ ဒါပေမယ့် melody ကို ကျွန်တော် သိပ်မနိုင်သေး ဘူး။ ကြိုးစားနေတုန်းပဲ။

Q: အမှတ်တရ ဘာပြောမလဲ။

A: ကျွန်တော့်ကို ပရိသတ်က သိရုံလေး တင်ပဲ ရှိသေးတဲ့အတွက် ကျွန်တော့် ရဲ့ အနုပညာကို ဝေဖန်ပေးကြပါ၊ အဲဒါမှ ကိုယ်ကလည်း ပရိသတ်အကြိုက်ကို ဆက် လက်ပြီး ကြိုးစားပေးရဦးမှာ၊ 'အေးဆေးပါ အေးဆေးပါ' စီးရီးကို ဝေဖန်တဲ့အသံ တွေ လည်း သိပ်မကြား ရသေးတော့ ဝေဖန် အကြံပြု ပေးပါလို့ မှာချင်ပါ တယ်။

Q: ဆက်သွယ် မယ်ဆို ရင်ရော။

A: အမှတ်-၁ဝ၁၂ B ၊ မေတ္တာလမ်း၊ ၉ ရပ်ကွက်၊ တောင်ဥက္ကလာ။ ကျေးဇူးတင်ပါ တယ်။

 
THIS IS MY COLLECTION OF HIP HOP MOST OF SONGS ARE FROM mp3.mmblogs.net  
 
  Free E-Mail
E-Mail:

Password:

Sign up | Lost password?
 
 
 

MC FREDDY DUBBY

romanticghetto playlist
 
IF U LIKE HIP HOP PLEASE COMMENT ME  
 
 
MY FAVOURITE HIP HOPPERS& RAPPERS  
  AH BOY
J ME
HTEIN WIN
JOUK JACK
KFA
9MM
KYAT PHA
BOLAY
YAN YAN CHAN
YATHA
BARBU
VIP(VIOLATION IN PUBLIC)
BLF(BEYOND LORD FAMILY)
FIRECRACKER
BLACK HOLE
THAR GYEE
 
SONGS ARE MY LIFE  
 
 
Today, there have been 63 visitors (93 hits) on this page!
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free